ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ ငါ NGO မှာအလုပ်ရတယ်တဲ့။
ဝမ်းသာအာရနဲ့ပေါ့။ NGO မှာအလုပ်ရတာကို ပျော်နေတဲ့သူ ၀မ်းသာနေတဲ့သူ ဂုဏ်ယူနေတဲ့သူ
ကျွန်တော်တို့ နိုင်ငံမှာ ဘယ်နှစ်ယောက် ရှိသလဲ ဆိုတာကိုပြန်တွေးကြည့်မိတယ်။
တကယ်တော့ NGO ဆိုတာအမည်ခံသတောင်းစားပါပဲ။ သူတို့က သူတောင်းစားကို
ခေါင်းပုံဖြတ်တဲ့သူမျိုးတွေ။ NGO ဆိုပြီးလာလုပ်နေတဲ့ သူတွေကို ကြည့်ပါ။ သူတို့နိုင်ငံမှာ တိုက်ခန်း
ကျဉ်းကျဉ်းလေးကို နေရတဲ့ သူမျိုးတွေ။ တချို့ဆိုအလုပ်အကိုင်မရှိသူတွေ။ အဲဒီိလိုလူတွေက
ဒီနိုင်ငံမှာ အင်းယားလိုလူကုံထံတွေနေတဲ့နေရာမှာ တစ်လကို ဒေါ်လာ ၂၀၀၀ တန်တွေ ငှား
ကားကောင်းစားတွေကို ကယ်ဆယ်ရေးအမည်ခံ ၀ယ်ယူသုံးစွဲ လစာကြီးကြီးတွေယူ
ပြီးတော့ Office Staff လောက်အရည်အချင်းရှိသူတွေကို တစ်လ ဒေါ်လာ ၂၀၀ လောက်ပေး။
တစ်ကယ်တော့ဒီငွေတွေဟာ နိုင်ငံတကာက အလူရှင်တွေက ပေးတဲ့ငွေတွေမဟုတ်ဘူးလား။
တစ်ချို့ဆို တစ်နှစ်တစ်ခါ ငွေပေါင်းမြောက်များစွာ အကုန်အကျခံပြီး အပန်းဖြည်
ခရီးဆိုပြီး သွားတယ်။ တစ်ချို့ကတော့ပေါ်တင်ပဲ ပျော်ပွဲစားထွက်တယ်တဲ့။ တစ်ကယ်တော့
ဒီငွေတွေဟာဒုက္ခသည်တွေကို မှိခိုပြီး မျောက်ပြဆန်တောင်း ဆင်ဖြူတော်မှီ ကြံစုပ်လို့ရလာတဲ့
ငွေတွေမဟုတ်ဘူးလား။ အဲဒီလို NGO တွေနဲ့ ဝေစားမျှစားလုပ်နေတဲ့ ၀န်ထမ်းအမည့်ခံတွေက ဂုဏ်ယူကြတယ်။
တကယ်တော့ အဲဒီသူတွေဟာ သူများတွေ စားလို့ကျန်တဲ့ အရိုး ပေါ်က အသားတွေကို စားရလို့
ကျေနပ်နေသူတွေပါ။ တကယ်စဉ်းစားကြည့်ကြပါ။ လိုအပ်နေတဲ့ ဒုက္ခသည်တွေအပေါ် အကူအညီငွေကြေးတွေ
ဘယ်လောက်များရလဲလို့။ ရလာတဲ့ငွေကို သူတို့ အလွဲသုံးစားလုပ်တာနဲ့ တကဲ့ရောက်တဲ့ငွေကြေး
အစစ်အမှန်ဟာ ၄၀% လောက်ပဲရှိပါတယ်။ နောက်ပြီး NGO တွေရှိလို့ ဒုက္ခသည်ဘယ်လောက်များ
အစဉ်ပြေလို့လဲ။ နောက်ဆုံးတော့ သူတောင်းစားတွေပဲဖြစ်ကျန်ခဲ့တာမဟုတ်လား။ တကယ်အကူအညီ
လိုနေတဲ့ နယ်စပ်ကဒုက္ခသည်တွေ ရွာလုံးကျွတ်သတ်ခံရတဲ့သူတွေ စစ်အစိုးရရဲ့ လူအခွင့်ရေးချိုးဖောက်
ခံရပြီး ပြားပြား ၀ပ်နေတဲ့ နယ်စပ်က ဒုက္ခသည်တွေ ကိုဘာများကူညီနိုင်လို့လဲ။
လူမြင်ကောင်းရုံ နံမည်ကြီး ဒုက္ခသည် စခန်းတွေကို(နာဂစ်လိုနေရာမျိုး) တွေကို လှူပြပြီး
နောက်တစ်ခေါ အလှူခံလို့ကောင်းရုံ လုပ်ရပ်ကလွဲပြိး ဘာများလုပ်နိုင်လို့လဲ။ နယ်စပ်မှာ ရွာလုံးကျွတ်
ဒုက္ခရောက်နေတဲ့သူတွေ ရွာကလွဲ ပြီးဘယ်မှမသွားတက်လို့ သောင်းကျန်းသူ နအဖ တို့ကနှိပ်စက်သမျှတွေ
ကိုခံနေရတဲ့သူတွေကို ဘာများလုပ်ပေးနိုင်လို့လဲ။နယ်စပ်မှာတင်မဟုတ်ပါဘူး ရန်ကုန်မှာလည်း ဒုက္ခရောက်
နေသူတွေအများကြီးပါ။ ဘာအပြစ်မှမရှိပဲ အင်းစိန်ထောင်မှာ လူအခွင့်အရးချိုးဖောက်ပြီး ဒုက္ခရောက်နေသူတွေ
ကျန်းမာရေးစောင့်ရှောက်မှု လိုနေတဲ့သူတွေကို ဘာအကူအညီပေးနိုင်လို့လဲ။ ပေးရင်လဲ နအဖမျက်နာညိုပြီး
ပြည်တော်ပြန်ရမှာစိုးလို့ ရေရှည်မစားရမှာကြောက်ပြီး လှစ်လှူရှူနေကြသည်။
တစ်ချို့က ဘာသာရေးကို ခုတုံးလုပ်ပြီး NGO လုပ်နေကြတယ်။ ခရစ်ယာန် ဘာသာဝင်တွေက
အများဆုံးပါ။ ဘယ်လိုပဲလုပ်လုပ် အဲဒီ NGO စေတနာဝန်ထမ်းဆိုသူတွေကို အပိုအခွင့်အရေးတွေမယူပဲ
ရသင့်ရထိုက်တဲ့ လစာကိုယူပြီး အခုလိုလုပ်နိုင်မလားလို့ပြောရင် NGO ၁၀၀ မှာ ၉၉ ယောက်လောက်
ကအလုပ်ထွက်ပါလိမ့်မယ်။NGO တွေကို မကောင်းမြင်လို့ပြောတာမဟုတ်ပါဘူး။ NGO မှာအလုပ်လုပ်ပြီး ကိုယ်လူမျိုးအခြင်းခြင်း
နိမ့်ချပြီးမြင်နေရတာတွေကို စိတ်မကောင်းဖြစ်လွန်းလို့ပါ။ တစ်ချို့ NGO က၀န်ထမ်းတွေဟာ ချပေးတဲ့ငွေတွေကို
အလွဲသုံးစားလုပ်ပစ်ပြီး ငွေပိုတင်တာတွေဟာ ဒုက္ခသည်တွေကို စော်ကားတာပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ NGO တွေကြောင့် ဘယ်လောက်များတိုးတက်သွားသလဲ။ ဘယ်လောက်များ
ဒုက္ခသည်တွေအဆင်ပြေသွားလဲ။ လူမှုအဆင့်အတန်းနိမ့်ကျနေတာ အလုပ်လက်မဲ့ဖြစ်နေတာတွေ
ကိုဘယ်လောက်များ မြင့်တင်ပေးနိုင်လို့လဲ။ အဲဒီအခြေခံ အဆင့်တွေကို မမြင့်တင်ပဲ ဆေးမှီးတိုနဲ့ ကုဖို့ကြိုးစားနေ
တာဟာဘယ်လောက်များထိရောက်မှာလဲ။ နိုင်ငံခြားကငွေတွေကို လိမ်ယူတာ ကိုယ့်နိုင်ငံကိုယ်လူမျိုး ဘယ်လောက်
သိက္ခာကျလဲဆိုတာထည့်မစဉ်းစားပဲ လက်တလောငွေလေးမျိုးမျိုးမြတ်မြတ်ရတာလောက်နဲ့ ကျေနပ်နေတဲ့ သူတွေကို
သိအောင်ပြောပြတာပါ။ တကယ်အစစ်အမှန် NGO တွေလဲရှိသလို NGO အမည်ခံသူတောင်းစားတွေလဲအများသား။
အစစ်နဲ့အတုမှာ အတုကများနေသလိုပါပဲ။ NGO တွေရဲ့ မျက်နှာဖုံးအောက်က မျက်နှာကို တွေ့နိုင်ပါစေ။
(မှတ်ချက် ဒီအာဘော်မှာ စာရေးသူ၏အာဘော်သာဖြစ်ပါသည်။ လွပ်လပ်စွာကွဲလွဲခွင့်ရှိပါသည်။ ဒီစာမှာ ရေးသမျှ
အကြောင်းအရာ တွေစာရေးသူတာဝန်ယူပါသသည်။)
skip to main |
skip to sidebar
Showing posts with label စာရေးသူ အာဘော်. Show all posts
Showing posts with label စာရေးသူ အာဘော်. Show all posts
Saturday, May 8, 2010
အမျိုးအစားရွေးချယ်ရန်
- စာရေးသူ အာဘော် (1)
- ဆီလျှော်အောင် ပြုပြင်ထားသော ဘာသာပြန်များ (1)
- မြင်မိသမျှ (1)


