Wednesday, July 21, 2010

Four Type of Leadership

ကျွန်တော်သိသလောက် Leadership လေးမျိုးရှိပါတယ်။ Leader Type သဘာဝလေးတွေကိုယေဘူယျဖော်ပြထားတာပါ။
ကျွန်တော်ကိုသိလို့လား ကူးတာလားလို့မေးရင် သိသလောက်ကို ကူပြီးတင်တာလို့ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မသိသေးတဲ့သူတွေကို
သိစေချင်လို့ပါ။ နောက်ပြီး Leadership တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးကျိုးကိုသိစေချင်လို့ပါ။ တချို့နေရာတွေမှာ သင့်လျှော်သလို ဘာသာပြန်
ထားပါတယ်။

ပထမ Leadership ကတော့

Autocratic Leadership (ဗဟိုဦးစီးစနစ်)

ဒီစနစ်က တော့ အမည်တိုင်းပဲ လုပ်ပိုင်ခွင့် မှန်သမျှကို တစ်ဦးတစ်ယောက်ထဲက ချူပ်ကိုင်ထားသော စနစ်ဖြစ်သည်။ ထိုစနစ်နှင့်
ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အာဏာရှင်စနစ် ဟုလည်းခေါ်သည်။ အကြွင်းမဲ့ လုပ်ပိုင်ခွင့်ရထားပြီး ဆုံးဖြတ်ခွင့်မှန်သမျှကို
တစ်ဦးတစ်ယောက်ထဲကပင် ရယူထားသည်စနစ်ဖြစ်သည်။ ထိုစနစ်ကို ယခုအခါ အာဏာရှင်နိုင်ငံများကျင့်သုံးပြီး တစ်ဦးပိုင် ကုမ္မဏီများတွင်
တွေ့နိုင်သည်။

Democratic Leadership or Participative Leadership (အများပိုင်စနစ်)

ဒီစနစ်သည် အများက ဦးဆောင်သောစနစ်ဖြစ်သည်။ ကန့်သက်ချက်အတွင်းက Leadership ဖြစ်သည်။ ခေါင်းဆောင်သည် Final Decision
Maker အဖြစ်တာဝန်ယူရသည်။ ထိုစနစ်တွင် ငယ်သားများသည် ခေါင်းဆောင်၏ အရည်အချင်းအား မေးခွန်းထုတ်ပိုင်ခွင့်ကိုပင် ရယူထားသည်။
ခေါင်းဆောင်ဖြစ်ခွင့်သည် အများက ဆုံးဖြတ်ပေးမှုပေါ်တွင်မူတည်သည်။ အများအကျိုး လုပ်ငန်းအကျိုးကို မသယ်ပိုးပေးနိုင်သူသည်
နောက်တစ်ခါ ခေါင်းဆောင်ရွေးကောက်ပွဲတွင် ရှုံး နှိုမ့် တော့လေသည်။ ထိုစနစ်အား လက်ရှိကျင့်သုံးနေသော နိုင်ငံများ လုပ်ငန်းများ အများဆုံးတွေ့
ရသည်။ အထူးသဖြင့် အမေရိကားလိုနေရာမျိုးတွင် အများဆုံး တွေ့ရပါသည်။

Bureaucratic Leadership (ဗျူရိုကရေစီစနစ်)

ဗျူရိုကရေစီစနစ်သည် အင်္ဂလိပ်ကိုလိုနီများ ကျင့်သုံးခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံတွင် အမွေဆက်ခံခဲ့ရသော စနစ်ဖြစ်သည်။ ယန္တယား ပုံစံအတိုင်း
အဆင့်ဆင့် ဖြတ်သန်းသွားလာရသောအဆင့်ကိုဆိုလိုသည်။ အောက်ခြေကတင်ပြသည် မှန်သမျှကို အထက်သို့ တိုက်ရိုက်မရောက်ပါ။ အဆင့်ဆင့်
ဖြတ်သန်းသွားရ၏။ ထို့ကြောင့် အောက်ခြေကလူ၏တင်ပြချက်သည် အလယ်ကလူ မကြိုက်ပါက အထက်သို့ မရောက်တော့ပေ။ တနည်းအားဖြင့်
ပြောရလျှင် အထက်ဖားအောက်ဖိ စနစ်ဖြစ်သည်။ ထိုစနစ်အား ကိုလိုနီ လွပ်မြောက်ခါစ နိုင်ငံများတွင် တွေ့ရသည်။

Laissez-faire Leadership (တောင်းဆိုမှုကြောင့်ပေါ်ပေါက်လာသောစနစ်)

Laissez-faire Leadership သည် ခောတ်စနစ် ၏တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာသော စနစ်ဖြစ်သည်။ အကြပ်အတည်းကာလတွင်သာ
ပေါ်ပေါက်လာသော စနစ်ဖြစ်သည်။ ထိုခေါင်းဆောင် သည် အခက်အခဲကြားမှ နိုင်ငံကိုကယ်တင်ရန် ကုမ္မဏီကိုကယ်တင်ရန် ပေါ်ပေါက်လာ
လေ့ရှိသည်။


Advantage

Autocratic Leadership -- ခေါင်းဆောင်သည် သမာသမတ်ကျပြီး အရည်အချင်းနှင့် ပြည့်စုံလျှင် နေချင်းညချင်းအောင်မြင်သောစနစ် ဖြစ်သည်။

Democratic Leadership -- ခေါင်းဆောင်ကောင်းအား ရွေးချယ်နိုင် ပြိး တစ်သက်မှတ်ထဲလုပ်ပိုင်ခွင့်ကို ကန့်သတ်ထားသည်။

Bureaucratic Leadership -- အဆင့်ဆင့်ဖြတ်သန်းရသောကြောင့် အမှားအယွင်းနည်းပါးပြီး ခိုင်မာသောစနစ်ဖြစ်လာသည်။

Laissez-faire Leadership -- အကြတ်အတည်းကို ဖြတ်ကျော်နိုင်သော စနစ်ဖြစ်သည်။


Disadvantage

Autocratic Leadership -- အာဏာရှင်ဖြစ်သောကြောင့် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လက်ခံရုံမှလွဲပြီးဘာမှလုပ်၍မရပါ။

Democratic Leadership -- နောက်လိုက်များ အသိဥာဏ်နည်းပါက ခေါင်းဆောင်ပါ ဒုက္ခရောက်ရသည်။

Bureaucratic Leadership -- အဆင့်ဆင့်ဖြတ်သန်းရသောကြောင့် ကိုယ်နှင့်မတည့်သူပါလာလျှင် ချောက်တွန်းနိုင်သည်။

Laissez-faire Leadership -- အကြတ်အတည်းကို ဖြတ်ကျော်နိုင်သော စနစ်ဖြစ်သော ကြောင့်ခိုင်မာသည့် ဖွဲ့စည်းပုံမရှိချေ။

အဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေသည်မှာသဘာဝပင်ဖြစ်သည်။ ထိုအရာများအား ထောက်ရူခြင်းအားဖြင့် မည်မျှပင်မှုကောင်း
သည် ဖြစ်ပါစေ ဦးဆောင်သည့် လူမကောင်းလျှင် မအောင်မြင်နိုင်ပါ။


ဒီ Post သည် ကျွန်တော် ဖတ်ခဲ့ရသော Four Type of Leadership ကိုဘာသာပြန်ထားခြင်းဖ်ြစသည်။ ကျွန်တော်သိသလောက်
ဖြည့်စွက်ထားပါသည်။ မှုရင် အာဘော်မဟုတ်ပါ။ ဖတ်တဲ့သူ အဆင်မပြေလျှင်တော့ ကျွန်တော်၏ ညံ့ဖြင့်မှုသာဖြစ်ပေလိမ့်မည်။

ကောင်းမွန်သော စနစ် နှင့် လူအားရွေးချယ်နိုင်ပါစေ

0 မှတ်ချက်:

Post a Comment